Articles

လွယ်ကူလေ့လာ အသုံးပြုရန်  VPN Technology.


အခု VPN နည်းပညာရပ်နဲ့ ပါတ်သက်ပြီး လွယ်လင့်တကူ နားလည်အောင် အသုံးပြုနိုင်အောင် ဖော်ပြလိုပါတယ်။
ယနေ့ VPN နည်းပညာရပ်ကို ရေပန်းစားစွာ ပြောဆိုသုံးနှုံးနေကြသလို အသုံးပြုမှုတွေ များပြားလာတာကို တွေ့မြင်နိုင်ပါတယ်။
အချို့က ယနေ့ အထိ VPN နဲ့ပါတ်သက်လို့ အမြင်မရှင်းတာလေးတွေရှိနေပါတယ်။ ဒါမှ မဟုတ်သိပြီး ပေမယ့် ရှုပ်နေတာလည်း ဖြစ်နေနိုင်ပါတယ်။
...
ယခု မျှဝေချင်တာကတော့...- VPN ကို အလွယ်တကူနဲ့ မှန်ကန်အောင် ဘယ်လိုနားလည်မလဲ..
- VPN
မှာ ဘာတွေသိသင့်သလဲ နဲ့...
-
လက်ဆောင်အဖြစ် VPN ကွန်ယက် တစ်ခု Windows 7 ပေါ်မှာ ဘယ်လိုဖန်တီးမလဲဆိုတာတွေပေါ့

ကျွန်တော်တို့ လက်ရှိ ချိတ်ဆက်နေတဲ့ ကွန်ယက်တွေပေါ့ အထူးသဖြင့် Dial Up အပါအဝင် WAN Public Network တွေပေါ့ ရှိပြီးသား IP Networkတွေ၊ LAN မှာလည်း ဖြစ်နိုင်တယ် နော်….အများနဲ့ သမားရိုးကျ ချိတ်ဆက်ထားနဲ့ Network တစ်ခု ကို မြင်ကြည့်လိုက်ပါ….

ဘာလို့လည်း ဆို VPN ရဲ့ Definition ကတော့ (Public လိုင်းပေါ်မှာ Private Information) သွားတာပါ.
နောက်တမျိုးနားလည်လို့ရတာကတော့…(အများနဲ့ ဆိုင်တဲ့ လမ်းပေါ်မှာ အများနဲ့ မဆိုင်တဲ့ Information) သွားတာပါ….
ကဲ ဒါဆို ရင် အများနဲ့ ဆိုင်တဲ့ လိုင်း၊ အများနဲ့ မဆိုင်တဲ့ Information ကို ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ

မျက်လုံးထဲမှာ တိမ်တိုက် တစ်ခု ပုံဖော်ကြည့်လိုက် ပြီးရင် အဲ့ဒီ တိမ်တိုက်ထဲမှာ တိမ်တိုက် အသေးလေး တစ်ခု ပုံထပ်ဖော်ကြည့်ပါ။…..တိမ်တိုက်အကြီးက Public/ တိမ်တိုက်အသေးလေးက Private ပေါ့…..

ကိုယ်ဟာ Interface တစ်ခုထဲ လွယ်လွယ်ပြောရရင်တော့ Network Interface Card တစ်ခုတည်းနဲ့ ကွန်ယက်၂ ခု တခါတည်းချိတ်ဆက်ပြီးသားဖြစ်နေလိမ့်မယ်။ ကွန်ယက် ၂ခု စလုံးဟာ IP subnet မတူပေမယ့်လည်း ကွန်ယက် ၂ခုလုံးကို တပြိုင်နက်တည်း အသုံးပြုခွင့် ရှိနေလိမ့်မယ်…..





အိုကေပါ….Intro ပိုင်းလေးတွေ ပြီးပြီဆိုတော့ အခု VPN ကွန်ယက်ဆိုတာ ဘာလဲ အကြမ်းဖျဉ်း ပုံဖော်လို့ ရလောက်ပြီးထင်ပါတယ်.
ကဲဒါဆို VPN ကွန်ယက် တစ်ခု တည်ဆောက်ချင်တယ် ဘာလိုလဲပေါ့……
အင်း အဲ့ဒါ ဆိုရင်တော့…..နည်းနည်းပြောရတော့မယ်…..အဓိက က အဲ့ဒီ VPN ကွန်ယက်ကို Provide လုပ်ဘို့ Provider လိုတယ်….Provider ဟာ…..Server ဖြစ်လိမ့်မယ်လွယ်လွယ်ပြောရင်…VPN Server လိုပါတယ်ပေါ့.VPN Server အဖြစ် Microsoft Windows Server 2003/ 2008 အသုံးပြုလို့ရပါတယ်.
Cisco
ကို အားပေးချင်ရင်တော့ Cisco Modular Router တွေရှိပါတယ်။ VPN support လုပ်တဲ့ Feature တွေနဲ့.. Router ကို VPN Server အစားသုံးလို့ရပါတယ်.

ဒါဆို VPN ကွန်ယက် တည်ထောင်ဘို့ VPN Server လိုပါတယ်ပေါ့။ ကဲ ဒါဆို ဘာအတွက်လိုတာလဲ မေးရမယ်လေ။ ရှင်းပါတယ် VPN ကွန်ယက်ကို ဝင်လာမယ့်သူတွေကို Autheticate လုပ်ဘို့ပါ။ စစ်ဆေးမယ် ဝင်ခွင့်ရှိတဲ့သူတွေလားပေါ့အထူးသဖြင့် Username Password ပါအမှန်က အခြားသော Authentication တွေရှိပါသေးတယ်။ Digital certification တွေ smart card တွေပေါ့..အဲ့ဒါကိုတော့ နောက် တော့ပစ်အတွက်ထားခဲ့မယ်နော်…. ဟိုးအပေါ်မှာ ပြောခဲ့သလိုလေတိမ်တိုက်ကြိး Public မှာ တိမ်တိုက်သေးလေး Private တည်ဆောက်ရင်. လျှို့ဝှက်လမ်းကြောင်း အဖြစ် သက်ဆိုင်သူတွေသာ ဖြတ်သန်းနိုင်တဲ့ Tunnel လို့ခေါ်တဲ့ တူးမြောင်း ဖောက်ပြီး သွားသလိုပါဘဲ။ အဲ့ဒါကို VPN Tunnel လို့ခေါ်ပါတယ်။ အထူးသဖြင့် Secured VPN အတွက်ဆိုရင် နာမည်ကြီးတဲ့ Protocol တွေအနေနဲ့က
L2TP, IPsec
နဲ့ SSL ကို အသုံးပြုနိုင်ပါတယ်။ အမှန်က အဲ့ဒါတွေက Secure Concept အတွက်ဦးတည်ထားတာတွေပါ. ကျွန်တော်ဆိုလိုတာကဗျာ….အဲ့လို VPN Tunnel ဖန်တီးမယ်ဆိုရင် ၊ နောက် အဲ့လို VPN Protocol တွေနဲ့ ဆိုရင် Private Information တွေဟာ Secured ဖြစ်နေပါတယ်။

ကဲ ဒါဆိုရင် အခုဏ ပြောသလို VPN ကွန်ယက် တစ်ခု အတွက် Server / Router တွေလိုအပ်တယ်မဟုတ်လား။ အခု တော့ ဘာ server / router မှ မပါဘဲ Microsoft Windows 7 ကိုဘဲ သုံးပြီး VPN ကွန်ယက် တစ်ခု တည်ဆောက်ပြပါမယ်။ Microsoft windows 7 တစ်လုံးဟာ VPN server ဖြစ်သွားပါမယ်။ ဟုတ်ပါပြီနော်

Microsoft Windows 7
ကွန်ပျူတာ အနည်းဆုံး ၂လုံးလိုပါတယ်။ Server ဟာ ၁လုံးဘဲ ဖြစ်ပါမယ်။ ကျန်တာတွေက Client တွေဖြစ်ပါမယ်။ အဲ့ဒီ ကွန်ပျူတာတွေဟာ အကုန်လုံး Cable ကွန်ယက်ပေါ်မှာ ဖြစ်ဖြစ်၊ Wireless ကွန်ယက်ပေါ်မှာဖြစ်ဖြစ် ဒါမှ မဟုတ် Ad Hoc နဲ့ဖြစ်ဖြစ် သမားရိုးကျ ကွန်ယက် တစ်ခုတော့ Network မိနေရပါမယ်။ ဥပမာ ကွန်ပျူတာတွေ အားလုံး ကွန်ယက်မိနေတယ်..(192.168.1.0) Network တစ်ခုပေါ့…..

VPN Server Configuration (or) Creating Incoming

) ကဲ VPN Server အဖြစ်ထားမဲ့ Windows 7 ကိုယူမယ်။ Run Box ထဲကို သွား Run>ncpa.cpl ရိုက်ထဲ့ပြီး Enter ခေါက်လိုက်မယ်။
) ပေါ်လာတဲ့ Window မှာ File> new incoming connection ကိုရွေးမယ်
) စ ပြီ။ အခု လာမေးနေတာက ဘယ် User အကောင့်တွေကို အခြားစက်တွေကနေ VPN ကွန်ယက်ချိတ်ခွင့်ပေးမလဲ တဲ့။ အကယ်၍ ကိုယ့်စက်ထဲက User Account တွေကို သွားပေးလိုက်ရင် သူများက လှမ်းဝင်လို့ရမယ်လေ။ VPN အတွက်သီးခြား အကောင့်ဖွဲ့ပေးတာပိုကောင်းတာပေါ့

) VPN အတွက် user အသစ်ဖွဲ့ပေးမယ်။ ဒါဆို အောက်မှာ Add Someone မှာ click လိုက်ပါ။ user ဖွဲ့မယ်။ Password လေးပါ ပေးရမယ်။ OK ပေါ့။ အခြားစက် ၃လုံးကနေ ၃ယောက်ဆို အကောင့် ၃ခုပေးမယ်။
) အခုရွေးရမှာက Through the internet နဲ့ Phone line ပေါ်က Dialup ဘယ်ဟာနဲ့ သွားမလဲပေါ့။
အခု က IP network သီးသန့်တွေဘဲဆိုတော့ အပေါ်က through the internet ကိုဘဲရွေးပါ။ Next>


) ကဲ အခု အဲ့ဒီမှာ TCP/IP v4 ပေါ်က ဘဲ သွားမယ်ဆိုပါဆို့။ TCP/IPv4 ကိုရွေးမယ် Properties.
) Ip address assignment မှာ VPN Network ပေါ်လှမ်းချိတ်မယ့် ကွန်ပျူတာတွေအတွက် IP ပေးမှာပါ။ DHCP လိုဘဲလေ..ကိုယ့်ကို လှမ်းချိတ်ရင် IP ရမယ်။ ဒါဟာ ကွန်ပျူတာတိုင်းမှာ နဂိုတည်းက IP က ရှိပြီးသားပါ။ ဒါပေမယ့် အဲ့ဒီ အခြား ကွန်ပျူတာတွေ အခု လုပ်နေတဲ့ VPN Network ကိုလှမ်းဝင်ရင် နောက်ထပ် IP တစ်ခုရမယ်လို့ပြောနေတာပါ။


အပေါ်ဆုံးက allow caller to access my local network ဆိုတာကို On ထားရင် လှမ်းပြီး VPN Call လုပ်လာမယ့် သူတွေကို အခု ဒီစက်ရဲ့ LAN ကိုပါ ပေးသုံးခွင့်ပေးတာ။ မပေးလည်းရတယ်။ စိတ်ကြိုက်လုပ်ပါ။
အောက်ဆုံးက allow calling computer to specify its own ip address ကတော့ လှမ်းချိတ်လာမယ့် ကွန်ပျူတာတွေ client တွေကို သူတို့ IP သူတို့ပေးချင်ရင် ပေးခွင့်ထားတာလေ.. အပေါ်မှာ ကိုယ်တိုင်ပေးမယ်ဆိုရင်တော့ မလိုဘူး။
) ရပြီ Next နှိပ်လိုက်တော့ ပြီးရင် Close
အိုကေပြီဗျာ။ အခု Incoming connection တစ်ခု တနည်းအားဖြင့် VPN Server အောင်မြင်စွာ ဖန်တီးပြီးပြီ။

ဟုတ်ပါပြီ။ ဒါဆို လှမ်းချိတ်ပြီး VPN ကွန်ယက်ပေါ်လာချင်တဲ့ Client တွေအတွက်ကတော့ နောက်တမျိုးလုပ်ရမယ်။

VPN Client Configuration (or) Setup VPN connection

) ကိုယ့်ကွန်ယက်မှာ VPN ချိတ်ခွင့်ပေးထားတဲ့ server ရှိနေပြီဆိုရင် Client တွေက… Control Panel ထဲက network and sharing centre ထဲကို သွားပါ။
) setup a new connection or network ကို ရွေးမယ်။ Connect to a network ဆိုတာ က ချိတ်ဖူးတဲ့ VPN ကို ပြန်ချိတ်မှ သုံးမယ်နော် အခုကတော့ setup a new….ဘဲ။

) ပြီးရင် ပေါ်လာတဲ့ထဲက Connect to a workplace ပြီးရင် Next
) အဲ့ဒီမှာ Use My Internet Connection ကိုရွေးပါ။ အင်တာနက် ရှိရှိ မရှိရှိ အေ၇းမကြီးဘူး။ ဒါ IP Network ဘဲလေ။ Server လုပ်တုန်းက တခါတွေ့ပါသေးတယ် မှတ်မိမှာပါ။ အောက်က Dial Directly ကတော့ VPN ကို ဖုန်းလိုင်းက တည်ဆောက်ရင် သုံးမယ်။



) အခု ပေါ်လာတဲ့ IP / domain နေရာမှာ Server လုပ်တဲ့ စက်က လက်ရှိ IP ကို ထည့်လိုက်ပါ။ Windows 7 မဟုတ်ဘဲ သူက တကယ့် Server2003/ 08 တွေဖြစ်နေခဲ့မယ်ဆိုရင် Domain name ထည့်လည်းရပါတယ်။ နာမည်ပေးလို့၇တယ် အောက်က Destination Name မှာ။ အောက်မှာ တွေ့လား SmartCard နဲ့ဝင်လည်းရတယ်တဲ့။ ကိုယ့်စက်ထဲက အခြား အကောင့်တွေကိုကော ပေးဝင်မလား ရွေးလို့၇တယ်။ နောက်ဆုံး Check box ကတော့ အခု မချိတ်နဲ့အုံး ။ တည်ဆောက်ရုံဘဲလုပ်ထားမယ်။ နောက်မှ ချိတ်မယ်တဲ့။ ကဲ Next.
) အခု လာမေးနေတာက VPN Server စက်ကို လှမ်းချိတ်ရင် ဝင်ရမယ့် အကောင့် ၊ Password
အဲ့ဒါ အခုဏ Server လုပ်ခဲ့တဲ့စက်မှာ ဖွဲ့ခဲ့တဲ့ username/ password ကိုသုံးလေ နော်.. Domain မရိုက်လည်းရတယ် ။ တွေ့တယ်မဟုတ်လား optional ဘဲတဲ့။

) ရပြီ Connect ကို နှိပ်လိုက်ပါတော့ ။ verify password ပေါ်မယ် မိသွားရင် Taskbar ဟိုးညာဘက်ထောင့်မှာ netwok icon လေးမှာ နှိပ်ကြည့် Connected လို့ပေါ်မယ်။
Command (CMD) ထဲမှာ…Ipconfig ရိုက်ကြည့်ပါလား။ ကိုယ့်ကို Server အလုံးကပေးတဲ့ IP ပေါ်နေမယ်။ လက်ရှိ နဂို IP လည်း ပေါ်နေမယ်။ အဲ့ဒါဆို ဒီ Network Card/ ဒီ Network တစ်ခုတည်းမှာဘဲ VPN IP တွေနဲ့ အသုံးပြုခွင့် Access လုပ်ခွင့်ရနေမှာပါ။ ပြီးတော့ Intrusion အတွက်လည်း လုံခြုံရတဲ့ Network လို့ပြောလို့ရပါတယ်။

အဆင်ပြေကြမယ် လို့ မျှော်လင့်ပါတယ်။ ဒီ VPN Practical လေးကို ဒီမှာ ခဏရပ်နားထားပါမယ်နော်။။

အောင်ဇော်မြင့် (EC MCPA)
M.S.T Institute



======================================================================

 

 

Subnetting ဟူသည်။


IP Subnetting သိချင် ကျွမ်းကျင်ချင်သူတွေ သေချာလေးဖတ်ပါ။ နောက် ဘာမှ မဖတ်ပဲ နားလည်သွားစေချင်ပါတယ်။ ကော်ပီကူးပြီး ပြန်ဖတ်လို့ရပါတယ်။
Subnetting ဆိုတာ အလွယ်ပြောရင် Network ခွဲထုတ်ခြင်းပါ။
ကိုယ်အသုံးပြုမဲ့ Network တစ်ခုမှာ တကယ်လိုအပ်တဲ့ Host အရေတွက် တိုင်းအသုံးပြုဖို့၊ မလိုလားတဲ့ IP ဆုံးရှုံးမှုတွေ၊ IP လေလွင့်တာတွေ မဖြစ်အောင် Subnet ခွဲထုတ်ခြင်းအားဖြင့် အကျိုးရှိရှိ အသုံးပြုနိုင်မယ်။ IP လေ့လွင့် ဆုံးရှုံးတာ တားဆီးနိုင်ပါမယ်။
ယနေ့ network တွေမှာ Pro တွေ မဖြစ်မနေ ကျွမ်းကျင်ပိုင်နိုင်ရမဲ့ အခန်းကဏ္ဍပါ။
တကယ့် Enterprise network တွေ၊ ISP တွေ နဲ့ Admin တွေ ဂဂနန ပိုင်နိုင်ဖို့လိုတဲ့ Subnetting ကို စုံလင်အောင် နားလည်လွယ်အောင် ရှင်းထားပေးလိုက်ပါတယ်။ CCNA ဖြေဆိုမဲ့သူတွေအတွက်ဆိုရင်တော့ 20% ကျော်လောက်ပါနိုင်တဲ့ မေးခွန်းတွေက ဒီ Subnetting နားလည်မှ ဖြေနိုင်မှာပါ။
ပြီးတော့ Subnetting ကို ဖတ်ရင်းဖတ်ရင်း မပြီးနိုင်၊ နားမလည်ဘူးဆိုတဲ့သူတွေကို အကျိုးရှိစေချင်တယ်၊ Subnetting နားမလည်လို့ Subnet Calculator အသုံးပြုနေသူတွေကိုလည်း တွေ့နေရတယ်။ ဒါကြောင့်ပါ။
ဒီမေးခွန်း အရင်စဖြေကြည့်ပါ။
What is the Network Address?
Some people may confuse! No worry, lets go ahead.
လွယ်လွယ်မှတ်လိုက်ပါ။ အဆုံးမှာ 0 နဲ့အဆုံးသတ်ရင် Network Address ပါ။ (Eg. 204.63.98.0)
ဒါဖြေကြည့်ပါအုံး What is the IP Address?
သာမန် IP တစ်ခုပြောနိုင်ပါတယ်။ (Eg. 124.23.67.32) ဒါပေမယ့် အဲ့ဒီ Address ဟာ IP address လည်းဖြစ်နိုင်သလို ၊ Network တစ်ခုကို ညွှန်းတဲ့ Subnet Address လည်းဖြစ်နေနိုင်ပါတယ်။
124.23.67.10 နဲ့ 124.23.65.65 နဲ့ Network မိနိုင်လားလို့ မေးရင် မိနိုင်တယ်၊ မိတယ်လို့ဖြေကြကောင်းဖြေကြပါလိမ့်မယ်။
အဖြေမှန်ကတော့ (မိချင်လဲ မိမယ်၊ မမိချင်လဲ မမိဘူး) ဖြစ်ပါတယ် ။ ဘာကြောင့်လဲ?
အကယ်၍ 124.23.67.10 နဲ့ 124.23.67.65 နဲ့ဟာ Subnet Mask (255.0.0.0) ဒါမှ မဟုတ် (255.255.0.0) ဆိုရင်မိပါတယ်။ ရှေ့ဆုံး တစ်စုံတူရင်မိတယ်။ ဒါမှ မဟုတ် ရှေ့ဆုံး ၂စုံတူရင်မိမယ်လို့ ပြောနေတဲ့၊ ညွှန်းနေတဲ့ Class A S/M သို့မဟုတ် Class B S/M ဖြစ်နေလို့ပါ။
ဒါမှမဟုတ်ပဲနဲ့များ အဲ့ဒီ IP ၂ခုကို 255.255.255.0 ဆိုတဲ့ Subnetmask ကို သုံးပြီး ချိတ်မယ်ဆိုရင် တော့ မမိပါဘူး။ ဘာလို့လဲ?
အဖြေက ရှင်းရှင်းလေးပါ။
****(Network မိခြင်း မမိခြင်းသည် IP Address နှင့် မပတ်သက်ပါ။ Network နှင့် Host ကို ခွဲခြားစွာ ညွှန်းတဲ့ Subnetmask နဲ့သာပတ်သတ်ပါတယ်။)****
ဒါကြောင့် S/M ကို သာ ဂရုတစိုက်ကြည့်ပါ။
အိုကေ ဒါဆိုရင် ဒီမေးခွန်းကို ထပ်ဖြေစေချင်တယ်။ မတူတော့ဘူးနော် Address တွေကို သေချာလေးကြည့်ပေးပါ။
124.23.67.10 နဲ့ 124.23.67.65 ဆိုတဲ့ Address ၂ခုကိုပဲ network မိမလား ထပ်မေးပါမယ်။
ဒါဆို မိတယ်လို့ ဖြေကောင်းဖြေနိုင်ပါတယ်။
အဖြေမှန်က (မိချင်လဲမိမယ်၊ မမိချင်လဲ မမိဘူး) ဘာလို့ အဲ့ဒီလိုပြောတာလဲဆိုရင် အကယ်၍ Subnetmask က 255.0.0.0 (A), 255.255.0.0 (B), 255.255.255.0 (C) ဆိုရင် ဒါ အငြင်းပွားစရာမလိုဘူး။ ဘယ်ဟာဖြစ်ဖြစ်မိတယ်။ ဒါပေမယ့် အဲ့ဒီ Address တွေကိုပဲ Subnet ခွဲထားတဲ့ ဥပမာ- 255.255.255.224 ဆိုတာမျိုးနဲ့ဆိုရင် မမိနိုင်တော့ပြန်ဘူး။
ဒါကြောင့် S/M ကို ဂရုတစိုက် သတိထားဖို့လိုပါတယ်။ ဒါဆို ကျွန်တော်တို့ ရှေ့ဆက်လို့ရပါပြီ။
ဒါလေး တစ်ခုမှတ်စေချင်ပါတယ်။
TCP/IP Address=Network Portion+Host Portion ပါ။ ဒါကြောင့် IP Address တွေမှာ- Network က ဘယ်နေရာလည်း Host က ဘယ်နေရာလဲ ဆိုတဲ့ကန့်သတ်ချက်တွေပါ ပါတယ်။
ဒီတစ်ခုကိုလုံးဝ မှတ်ထားပါတော့။
Network=1 (Network နဲ့ပတ်သက်တာကို 1 နဲ့ ကိုယ်စားပြုပြီး)
Host=0 (Host တွေ၊ ကွန်ပျူတာတွေနဲ့ ပတ်သက်ရင် 0 နဲ့ ကိုယ်စားပြုပါတယ်)
What is the CIDR value?
CIDR Value ဆိုတာ Subnetting မှာ အင်မတန်အရေးကြီးပါတယ်။ CIDR Value ဟာ network bit ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့်သူ့ကို Net Bit Identifier လို့လဲ ခေါ်တယ်။
ဥပမာ- Class A ဆိုရင် S/M ဟာ 255.0.0.0 နော်၊ ဒါကြောင့် NBI ဟာ (/8)
Class B ဆိုရင် S/M ဟာ 255.255.0.0 ၊ ဒါကြောင့် NBI ဟာ (/16)
Class C ဆိုရင် S/M ဟာ 255.255.255.0 ၊ ဒါကြောင့် NBI ဟာ (/24)
ဒါက ဘာကို ပြန်ညွှန်းနေသလဲဆိုရင်- /8 တို့၊ /16 တို့၊ /24 တို့ဆိုတာ အဲ့ဒီ S/M မှာပါတဲ့ (1) ရဲ့ အရေအတွက်ပါပဲ။ ရှင်းပါတယ်။ /8 ဆိုရင် (1) ၈လုံးပါတယ်။ ဒါပါပဲ တနည်းအားဖြင့် အဲ့ဒီ (1) ၈လုံးဟာ network ကို ကိုယ်စားပြုတယ်။ ဘာလို့လဲ အပေါ်မှာ Network=1 လို့ ပြောထားပါတယ်။
ကောင်းပြီ၊ TCP/IP v4 မှာ IP address တတွဲလုံးဟာ 32bit ဆိုတာ သိပြီးသားပါ။ ၄စုံပါတယ် ( . . .) ဆိုပြီးရေးတော့ တစ်စုံ မှာ 8bit ပေါ့။ တစုံမှာ 8bit၊ ၄စုံပါတယ်။ 32bit. (တတွဲလုံးအပြည့်အစုံ 32bit)
8bit ကို ကြည့်ရအောင် 8bit ဆိုတာ
(Binary) 0000 0000 = 0 (Decimal)
0000 0001 = 1
0000 0010 = 2
0000 0011 = 3 အဲ့လို သွားမှာပါ။ ဒါဆို အဆုံးမှာ
.
.
1111 1111 = 255 ဖြစ်နေလိမ့်မယ်။ ဒါကြောင့် 8bit အစသည် 0၊ အဆုံးသည် 255ပါ။
အဲ့လို အဖြေထွက်တာသည် ညာဖက်ထောင့်ဆုံးက 0 သည် 2ပါဝါ0 ဖြစ်ပြီး သူ့ကပ်လျက်က 2ပါဝါ1 ဒါဆို ဘယ်ဘက်ထောင့်ဆုံးက တန်ဖိုးသည် 27 မို့လို့ပါ။
2ပါဝါ0=1, 2ပါဝါ1=2, 2ပါဝါ2=4, 2ပါဝါ3=8, 2ပါဝါ4=16, 2ပါဝါ5=32, 2ပါဝါ6=64, 2ပါဝါ7=128 ပါ။
ကောင်းပြီ ဒီ Network Address (201.25.61.0)/ 24 ဆိုရင် network ဘယ်နှခု ချိတ်လို့ရမလဲ၊
Network 1ခုစာပဲဖြစ်ပါတယ်။ အဲ့ဒီ Network 1ခုစာမှာပဲ ကွန်ပျူတာ၊ Host 254 လုံး သုံးလို့ရပါမယ်။
(eg. 201.25.61.1, 201.25.61.2……….. 201.25.61.254 အထိပါ)
ဟုတ်ပါတယ်နော်။ Network တစ်ခုစာပဲ ရမယ်နော်။ ကွန်ပျူတာ ၂၅၄လုံး Network မိနေမယ်။ မမိချင်လို့မရဘူး၊ မိနေမယ်။
ဥပမာပေါ့ဗျာ ကျွန်တော်က အဆောက်အအုံ ၅ခု (သို့မဟုတ်) ဋ္ဌာန ၅ခုကို Network ၅ခု ခွဲပေးရမယ်ဆိုပါစို့၊ အခု ကျနော်မှာ ရှိတာ၊ ဒါမှမဟုတ် ISP က ချပေးလိုက်တာက Network တစ်ခုစာပဲရှိတယ်။
အဲ့ဒါပါပဲ၊ ဒါဆို ကျနော်တို့ Subnet ခွဲမှကိုရမယ်။ Subnetting လုပ်ပေးရမယ်။
လိုချင်တာက Network 5ခု။ ဒါဆို တွက်ရမယ့် Formula က 2n ပါ။
2n နေရာမှာ 2(1)ပါဝါ ထဲ့ကြည့် 2ပဲရမယ် မဖြစ်သေးဘူး။ 2ပါဝါ2 ဆို 4 မဖြစ်သေးဘူး။ 2ပါဝါ3 ဆိုရင် 8။ လိုချင်တာ network 5ခု၊ 2ပါဝါ3 နဲ့ဆို Network 8ခုရမယ်။ အိုကေသွားပြီ။ 2ပါဝါ3 ကို သုံးမယ်။
အသုံးပြုရမယ့် network address က 201.25.61.0 / 24 ဒါဆို subnetmask က 255.255.255.0 နော်။
အဲ့ဒီ S/M 255.255.255.0 ဆိုတကို binary ချရေးရင် /24 ဖြစ်လို့--
1111 1111.1111 1111.1111 1111.0000 0000 ရပါတယ်။
အခု 2ပါဝါ3 ကို ယူတယ်။ Network ၁ခုကနေ Network ၅ခုလိုချင်လို့ network ပိုလိုချင်လို့ ရှိရင်းစွဲ (1) တွေကို ထပ်တိုးရမယ်။ ဘယ်နှလုံးတိုးမလဲ 2ပါဝါ3 မို့လို့ 3လုံးတိုးမယ်။ ဆိုလိုတာ 1 ချည်းပဲ 3လုံးထပ်တိုးမယ်။ ဒါဆို
1111 1111.1111 1111.1111 1111.1110 0000 ဖြစ်သွားမယ်။ ဒါကြောင့် /24 ကနေ /27 ဖြစ်သွားပြီ။
1 က ၂၇လုံး၊ 0 က ၅လုံးပဲ ကျန်မယ်။
Subnetmask က 255.255.255.224 ဖြစ်သွားမယ်။ (ဘာလို့လဲ? အဆုံးမှာ 111 ဖြစ်သွားတယ်မဟုတ်လား။ အဲ့ဒိမှာ 1ဖြစ်သွားတဲ့နေရာတွေက 2ပါဝါ7, 2ပါဝါ6, 2ပါဝါ5 ဒါကြောင့် 128+64+32=224 ပါ။)
လာတုန်းက Network ၁ခုစာပဲရတယ်။ Host ၂၅၄လုံးစာရတယ်။ အခု Network ၅ခုစာ ဖြစ်သွားတော့ Host/Network Network ၁ခုမှာ ရှိမဲ့ Host တွေများလာမလား၊ နည်းသွားမလား။
(Host နည်းသွားမယ်) များမလာဘူး။ 1 နဲ့ 0 ပဲရှိတယ်ဆိုရင် 1 များသွားတာ၊ ထပ်တိုးသွားတာသည် 0တွေကို လျော့စေတာပေါ့။ Host=0 ဆိုရင် host လျော့သွားတာပေါ့။
ဒါဆို အခု Subnet ခွဲချိန်မှာ-Network ၁ခုမှာ Host ဘယ်နှခု ရှိမလဲ သိချင်တယ်။ ကဲ တွက်ရအောင်
Formula က 2n-2 အခု လက်ကျန် 0 ၅လုံးပဲ ကျန်တယ်မဟုတ်ဘူးလား။ ဒါဆိုရင် 2ပါဝါ5-2 ပေါ့။ အဖြေက 30။ ဒါဆို Host/ network Network ၁ခုမှာ Host/Computer အလုံး ၃ဝပဲ သုံးလို့ရမယ်။
မေးစရာရှိလိမ့်မယ်။ ဘာလို့ -2 (၂နဲ့ နှုတ်တာလဲပေါ့) အိုကေ၊ Network တိုင်းမှာ Operate Process သုံးတဲ့ အခါ ဥပမာ- စလာတုန်းက 201.25.61.0 မှာလဲ သူ့ Network အတွက် လာကတည်းက သုံးမရလို့ ပယ်ရမဲ့ address ၂ခုရှိတယ်။ အဲ့ဒါကို မေ့လို့မရဘူး။ 201.25.61.0 (Network Address) နဲ့ အဆုံးသတ်မှာ 201.25.61.255 (Broadcast Address) ပဲ။ ဒါကြောင့် Network တိုင်းမှာ ပထမဆုံးနဲ့ နောက်ဆုံး address ပယ်ရမယ်။ မပယ်လို့မရဘူး၊ Subnet ခွဲလိုက်တယ်။ Subnetting လုပ်လိုက်ရင်လည်း ပယ်ရမှာပဲ ။ Network ၁ခုဖြစ်သွားတိုင်း ဖြစ်သွားတိုင်း ပယ်ရမယ်။ အဲဒီလိုပယ်တာတွေကို သုံးပြီး OS တွေ၊ SVR တွေ၊ Router တွေမှာ Network ကို ညွှန်းဖို့၊ Broadcast ကို သုံးဖို့ ထားတဲ့သဘောပဲ၊ အဲ့ဒီ ပယ်တာတွေကို သုံးလိမ့်မယ်။ ကိုက ပယ်ပေးရမယ်။
ကဲ ဒါဆိုရင် အခု ၃ခုရှိသွားပြီ အဖြေထွက်တာ-
1) Number of Network? (8)
2) Number of Host/ Network? (30)
3) Subnetted Subnetmask? (255.255.255.224) ဟုတ်ပါသလား?
4) အနေနဲ့ Network ၈ခုထဲက ဘယ်နှခုသုံးသုံး အဲ့ဒီ ဘယ်ကနေ ဘယ်အထိ ဘယ်Networkဆိုတဲ့ Network Range သတ်မှတ်ပေးရလိမ့်မယ်။ အစွန်းထွက်နေတဲ့ Subnetmask က value ကိုယူခဲ့ပြီး 256 ထဲက နုတ်ပေးရမယ်။ အဲ့ဒါ သူ့ Formula ပဲ။ ဒါဆိုရင် subnetted subnetmaskမှာ အစွန်းထွက်နေတဲ့ 224 ကို 256 ထဲက နုတ်ရင် 256-224=32 ထွက်မယ်။
ယူလာခဲ့ရမယ် အဲ့ဒီ 32 ကို
စလာတုန်းက address က 201.25.61.0 နော် ။ ရပီ အဲ့ဒါ ပထမ network ရဲ့ subnet address ပါပဲ။
ဒုတိယ network အတွက် အပေါ်က 32 ကို သုံးမယ်။ ဒါဆို ဒုတိယ network ရဲ့ subnet address ဟာ
201.25.61.32 ပဲ၊ အဲ့ဒါ subnet address ပါ။ IP address မဟုတ်တော့ဘူး။
ဒါဆို ပထမ network က 0နဲ့စတယ် ၊ဒုတိယ network က 32နဲ့စတယ် ဆိုရင် ပထမ network ဘယ်မှာဆုံးမလဲ။ 31 မှာဆုံးမှာပေါ့။ ဒါဆို ပထမ networkရဲ့ network range ဟာ 201.25.61.0-201.25.61.31။
ဒါဆို ဒုတိယ network အတွက်က 201.25.61.32-201.25.61.63 ပေါ့။
တတိယ network အတွက်ဆို အခု 32 ထွက်လို့ ဒုတိယ network ကို 32 နဲ့ပေါင်း။ ဒါဆို တတိယ network ရဲ့ subnet address ဟာ 201.25.61.64 ဖြစ်သွားပြီ။ ကျန်တဲ့ network တွေအဲ့လို 32 နဲ့ပေါင်းသွားကြည့်ပါ။
201.25.61.0-31/ 201.25.61.32-63/ 201.25.61.64-95/ 201.25.61.96-127/ 201.25.61.128-159/ 201.25.61.160-191/ 201.25.61.192-223/ 201.25.61.224-255 ဆိုပြီးရပါလိမ့်မယ်။ ဟောတွေ့လား Network ၈ခုဖြစ်ပါတယ်။ ဟိုးအစမှာတည်းက network ၈ခု ရအောင် 2ပါဝါ3 သုံးခဲ့တယ်မဟုတ်လား။
အိုကေ ဒါဆိုရင် အဆုံးသတ်ရအောင်နော်။
5) Network တိုင်းမှာ Network Address/ Broadcast Address ဆိုပြီး သုံးလို့မရဘူး ပယ်ရသလိုပဲ၊ အခု Subnet ခွဲတဲ့အခါမှာ လည်း အဲ့လိုပယ်ရလိမ့်မယ်။ သုံးလို့မရဘူး၊ သုံးကြည့်ချင်သုံးကြည့်လေ၊ Router တွေ၊ OS တွေ SVR တွေ Application တွေ လက်မှ မခံတာကို။ ဒါဆို အခု ကျွန်တော်တို့လည်း အခုရလာတဲ့ subnet ၈ခုစလုံးအတွက် အပေါ်ဆုံးက ထိပ်စီး address တွေကို subnet address တွေအဖြစ် ပယ်ရမယ်။ သုံးလို့မရဘူး၊ Network ကို ညွှန်းဖို့ ထားတာ- ဒါဆို-Subnet Address တွေက-
201.25.61.0/ 201.25.61.32/ 201.25.61.64/201.25.61.96/ 201.25.61.128/ 201.25.61.160/ 201.25.61.192/ 201.25.61.224 အဲ့ဒါတွေက subnet address တွေပါပဲ။
6) အထက်က ပြောသလိုပဲ အဆုံးသတ်က Broadcast Address တွေက-subnet တွေရဲ့ အဆုံးက-
201.25.61.31/ 201.25.61.63/ 201.25.61.95/ 201.25.61.127/ 201.25.61.159/ 201.25.61.191/ 201.25.61.223/ 201.25.61.255 တွေပဲပေါ့။
7) ဒါဆို ကျွန်တော်တို့ ဒီ Network ၈ခုမှာ တကယ် သုံးလို့ရတဲ့ Valid IP addresses တွေကဘာတွေလဲဆိုရင် အဲ့ဒီ အပေါ်က ပယ်လိုက်တဲ့ Subnet address နဲ့ Broadcast address တွေမဟုတ်တဲ့ ကြားထဲက--
201.25.61.1-30/ 201.25.61.33-62/ 201.25.61.65-94/ 201.25.61.97-126/ 201.25.61.129-158/ 201.25.61.161-190/ 201.25.61.193-222/
201.25.61.225-254 တွေပဲပေါ့။
ရေတွက်ကြည့်ပါ။ Network တစ်ခုမှာ Host အရေတွက် အခု ၃ဝစာ IP အခု ၃ဝ အဖြေထွက်ပါတယ်။
ပြီးပါပြီ ဒါပိုင်ရင် တွက်လို့ရပါပြီ။ အောက်က ၃ပုဒ်တွက်ကြည့်လိုက်ပါ။ ရရင်တော့ ကျွမ်းကျင်သွားပါပြီ။
14.0.0.0 /12
160.35.0.0 /22
196.14.70.0 /28 ပါ။
(တော်တော်လေး လက်တွေညောင်းသွားပါတယ်။ မြန်မာ၊ အင်္ဂလိပ်တော်တော် ရောပြီးရိုက်လိုက်ရတယ်။ အကျိုးရှိသွားမယ် ဆိုရင် တင်ပြရှင်းလင်းရကျိုး နပ်ပါတယ်လို့)
အားလုံး အောင်မြင်ကြီးပွားတိုးတက်ကြပါစေဗျာ။
အောင်ဇော်မြင့်
M.S.T Institute
School of ICT Networking
သူများအတွက်ပါ အကျိုးရှိစေမယ်လို့ ထင်မြင်ယူဆရင် ရှဲလိုက်ပါဗျာ




ICT Challenges


သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာရပ်များ အရှိန်အဟုန်ဖြင့် ဆန်းသစ်လာခြင်း၊ တွင်ကျယ်စွာအသုံးပြုလာ ခြင်းတို့သည် ကမ္ဘာနှင့် အ၀ှမ်းရှိ လူသားတို့၏ နေထိုင်ပုံ၊ အသက်မွေးဝမ်းကြောင်းမှုစနစ်များ၊ နေ့စဉ်လည်ပတ်မှုပုံစံများစွာ အကျိုးသက်ရောက်မှုရှိသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ လူတစ်ဦးချင်းစီမှသည် ဒေသ၊လူမျိုး၊နိုင်ငံတစ်ခုလုံး အပေါ်တွင်မှာပါ ထင်ဟပ်စေပါသည်။
တီတွင်ဆန်းသစ်မှုတိုင်း၏ ပထမဦးဆုံးကြုံတွေ့ရသည့် ကိစ္စမှာဝေ ဖန်ကဲ့ရဲ့ခံရမှုပင်ဖြစ်သည်။ ထို့အတူ နည်းပညာရပ်များ၏ နောက်ကွယ်တွင်လည်း အားသာချက်၊ အားနည်းချက် (တနည်း) ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ဒွန်တွဲလျက်ပင်ရှိသည်။ သို့ဆိုလျင် ICT နည်းပညာရပ်ကြီးသည် လူ့အဖွဲ့အစည်းပေါ်သို့ မည်သို့အကျိုးသက်ရောက် ထင်ဟပ်စေပါသည်။သတင်းဟူသော (News) နှင့် သတင်းအချက်အလက်ဟူသော (Information) သည်မတူပါ။ News တိုင်းသည် Information မဟုတ်ပါ။ အကြောင်းအရင်းအများကြီးအနက်မှ အလွယ်ဆုံး အချက်ဆိုရပါလျှင် News သည် ပုံမှန်အားဖြင့် သတင်းတစ်ခုရရှိခြင်း၊ သိရှိခြင်းသာဖြစ်သည်။ Information သည်ကား သိရှိ၊ ရယူမိသော အချက် အလက်ကို ထပ်မံပြန်လည်အသုံးချနိုင်သည်။ အသစ်တဖန်ပြန်လည်ဆန်းသစ်နိုင်သည်။ Formula တစ်ခုအတွင်း သွတ်သွင်းပြီး အသုံးပြုနိုင်သည်ဟု အလွယ်မှတ်ယူနိုင်သည်။
သတင်းအချက်အလက် နည်းပညာရပ် နှင့် ကပ်လျက် ဒွန်တွဲပြီး လိုက်လာသည်မှာ Communication ဖြစ်သည်။ Communication ဟူသော ဆက်သွယ်ရေးနည်းပညာရပ်သည် သတင်းအချက်အလက်များကို တစ်နေရာမှ တစ်နေရာသို့ အချိန်မှီ၊ မြန်ဆန်စွာ ရောက်ရှိစေရန် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကမ္ဘာ့အရှေ့ဖျား မှ အနောက်ဖျားသို့ ဟု တင်စားခြင်းသည် လုံလောက်မည်ဟု မထင်ပါ။ ဟာသနှော၍ ပြောရပါက- ကမ္ဘာ့မြေပုံကို ချထားပြီး အရှေ့ဖျားကိုရှာ၊ အနောက်ဖျားကိုရှာပြီး က မ္ဘာသည် လုံးနေပါ၍ ထိုမြေပုံကို လုံးကြည့်လျင် အရှေ့ဖျားနှင့် အနောက်ဖျားသည် ကပ်လျက်ဖြစ်သွားပေမည်။ ထို့အတူု မြောက်နှင့် တောင်ဝန်ရိုးစွန်းတို့သည်လည်း ရေခဲပြင်များ ၊ လူမနေသောဒေသများ ရှိနေနိုင်သေးသည်။ ထို့ကြောင့် ကမ္ဘာ့မည့်သည့် အရပ်တွင်ရှိနေစေကာမှု တစ်နေရာမှ တစ်နေရာသို့ သတင်းအချက်အလက်များကို ပေးပို့နိုင်ရန် ပြောစရာရှိပါသည်။ အမှန်မှာ ဤသည်ပင်လျင် မလုံလောက်သေးပါ။ အကြောင်းမှာ ကမ္ဘာ့လေထု၏ ပြင်ပဂြိုလ်တုများသို့ လည်းကောင်း၊ ဂြိုလ်တုများမှသော်လည်းကောင်း၊ နောက်တဖန် အာကာသ စခန်းများသည်အထိ တိုင်အောင် ဆက်သွယ်နေနိုင်ပြီ ဖြစ်ပါသည်။
          Communication သည်ဆက်သွယ်ရေး၊ အမျိုးမျိုးသော မတူညီသော ဆက်သွယ်ရေးစနစ်များ ပါဝင်နိုင်ပါသည်။ လူတို့သည်ပင်လျှင် တစ်ဦးနှင့်တစ်ဦး စကားပြောခြင်း၊ လက်ခြအမူအယာဖြင့်ပြောခြင်း မျက်ရိပ်၊ မျက်ခြေ Signal ပြုခြင်း လေချွန်ခြင်း၊ အုန်းမောင်းခေါက်ခြင်း၊ ခေါင်းလောင်းတီးခြင်း၊ အုန်းတီးခြင်း စသောအသိပေး သည့် နည်းလမ်းများ ဆက်သွယ် သည့် ပုံစံများ အမျိုးမျိုးရှိကြပေသည်။ ထို့ကြောင့် ယနေ့ သတင်းအချက် အလက်ဆက်သွယ်ရေး သည်လည်း နည်းပညာရပ်ပိုင်းအရ ပုံစံအမျိုးမျိုးရှိပါသည်။ အဆိုပါ Communication ဆက်သွယ်ရေးနည်းလမ်း၊ ၃ခုကိုအသုံးချပြီး မိမိအလိုရှိသောသူများ၊ စနစ်များပါဝင်သည့် ကွန်ယက်ကို ဖန်တီး ရယူကြသည်။ ဤသည်ကို network  ဟုခေါ်ပါသည်။ မတူညီသောပုံစံ၊ မတူညီခြားနားသောစနစ်များအရ Network စနစ်များရှိပါသည်။ ဤသည်ကို သီးခြားတည်ဆောက်ထားသော Dediclid/ Independent Syalein Network ဟုတင်စားနိုင်ပါသည်။ သီးခြားရပ်တည်နေသောစနစ်များကို သီးခြားထားရှိထားသလို၊ အပြန်အလှန် ထပ်ဆင့်ချိတ်ဆက်ခြင်းများ ပါရှိလာပါသည်။ ဤသည်ကို Internetwork ဟုခေါ်ဆိုပြီး ယနေ့ကမ္ဘာအ၀ှမ်းရှိ Internet သည် အကြီးဆုံးသော Volume ရှိကွန်ယက်ကြီးဖြစ် ပါသည်။ Communication စနစ်ကြီးအောက်ရှိ အမျိုးအမျိုးသော ကွန်ယက်များထဲမှ တစ်ခုဖြစ်ပါသည်။ အဆိုပါ Communication အကျိုးကျေးဇူး facilities ကိုအသုံးချပြီး သတင်းအချက်အလက်များ Information များကိုပေးပို့ခြင်း၊ ရယူလက်ခံခြင်း၊ အသုံးချခြင်း (Processing) ထို ၃ ချက်ကိုအကောင်အထည်ဖော်ရာမှ ထိုနည်းပညာရပ်သည် ICT (Information Communication Technology) ဖြစ်လာရပေသည်။ Imformation သတင်းအချက်အလက်များမှာ စာသား (Text) , အသံ(Audio), လှုပ်ရှားမှု(Video), အငြိမ်(Picture) အစရှိသည်တို့ ပါဝင်လာပြီး ကဏ္ဌစုံနှင့်လိုက်၍ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သူတေသန၊ ဖျော်ဖြေရေး၊ ဈေးကွက်၊ စသည်ဖြင့် များမြောင်စွာပါဝင်လာ  ပါသည်။ ယခင်ကမူ စာကြည့်တိုက်များတွင် ရှာဖွေဖတ်ရှုရခြင်း၊ ပညာရေးနှင့်ပတ်သတ်၍လည်း သက်ဆိုင်ရာ ဘာသာရပ် အလိုက်သာ ဆည်းပူးနိုင်ခြင်း အချိန်ကြာမြင့်သော ဆက်သွယ်ရေး စနစ်၊ စီးပွားရေး စနစ်များ အစား မြန်ဆန်ထိရောက်မှု၊ အသုံးဝင်မှု၊ လုပ်ငန်းတွင်ကျယ်မှုများဖြင့် ကောင်းကျိုးများစွာရှိလာပေသည်။
တဖက်မှအားသာချက် အကျိုးကျေးဇူးများ မြောက်များစွာရှိနေသော်လည်း ICT ကိုအကျိုးရှိရှိ အသုံးပြုနိုင် စေရန်နှင့်ICT worker များ ICT User များအတွက်တဖက်မှလည်း စိန်ခေါ်မှုများလာသည်နှင့်အမျှ ICT Awareness များကို သိရှိထားရန်၊ ပြင်ဆင်ထားရန် ယခုအချိန်သည် အချိန်အခါ ကောင်းပင်ဖြစ်ပါသည်။ Technologies Charges များတွင် အထူးသဖြင့် Hardwae / Software / Communication နှင့် AI (Artifical Intelligence) တို့သည် အဓိကပင် ဖြစ်သည်။ အထူးသဖြင့် Hardware Devices များနှင့် Processing System တို့သည် NaNo နည်းပညာဘက်သို့ ဦးတည်လာပြီး စွမ်းဆောင်ရည်မြင့်တက်လာသည်။ Software တွင်လည်း Apply System တို့ ပိုမိုဆန်းသစ်လာခြင်း၊ Web Based Application များ တွင်ကျယ်လာခြင်း ထို့အပြင် E. Services နှင့် E Application များပိုမိုမျာပြားလာသည်။ Communication တွင် Computer စန်စများသာမကဘဲ Mobile Phone စနစ်များတွင်မှာပါ Embedded ဖြစ်လာပေသည်။ Mobile စနစ်ကိုပါ  Computer ဆက်သွယ်ရေးကွန်ယက်တွင်ကူးလူးပေါင်းစည်းလာနိုင်ပေသည်။ AI သည် ကား အထူးသဖြင့် Automation စနစ် များ Research RoBoc စက်ရုံစနစ်များနှင့် AI Application (ဥပမာ- လေယာဉ်၊ သင်္ဘော) မောင်းနှင်စနစ်မျး၊ လူသား၏စိတ်အပါအ၀င် အာရုံခံစားမှုအမျိုးမျိုးနှင့် Internactive ပြုလာနိုင်ရန် ဆန်းသစ် တီထွင်လာကြပေသည်။
          သို့ပါ၍ ယနေ့ ICT/ Network နည်းပညာရပ်များ နေရာအနှံ့၊ ကဏ္ဌအသီးသီးအသုံးပြုလာခြင်းနှင့်အတူ ကြုံတွေ့လာရသော နည်းပညာရပ် စိန်ခေါ်မှု Challeyerများကို အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။
-E Application နှင့် E Service များ
-Web based Application များ
- Social Network များ
-Software Network များ
- Software Market များ
-Wireless နည်းပညာရပ်များ
-ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ နယ်ပယ်သစ်များ (Financial Transation)
-သတင်းအချက်အလက်လုံခြုံရေး (Information Security)
- အမှန်တကယ်ကျွှမ်းကျင် Pro ရှားပါးမှု (Lack of Sleillful)
- အင်တာနက်အလွဲသုံးမှု
အဆိုပါ ICT နည်းပညာ၇ပ်သစ်များနှင့် ရင်ဆိုင်တွေ့ကြုံရာ၌ ICT သည် အကျိုးပြု ဧရိယာဘက်တွင် ပိုမိုကျယ်ပြန့်ရန်လိုအပ်ပါသည်။ မြန်မာ ICT Industry Development အတွက် ICT ဆက်စပ်လုပ်ငန်း ငယ်လေးများမှစ၍ လုပ်ငန်းကြီးများအထိ
        ၁။ Infrastructure ရှိရပါမည်။
        ၂။ နိုင်ငံတော်အစိုးရမှ ခွင့်ပြုထားသော Legal framework များအတွင်း သွားရပါမည်။
        ၃။ နိုင်ငံတကာ Eposure / နိုင်ငံတကာ နည်းပညာရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ရပါမည်။
        ၄။ Quality Assumance (မိမိ Software/ မိမိ Service )နှင့် ပတ်သက်၍ အရည်အသွေးကို ဦးစားပေးရပါမည်။
`       ၅။  ICTSS(Skill Standard )များပိုမိုပီပြင်အောင်ကြိုးစားရပါမည်။
          ၆။   ICT Business Practice ရှိရပါမည်။
ICT Industry ၏သဘောတရားသည်အခြားသော Traditional business များနှင့်ကွာခြားမှုများရှိပါ၍ ပေါ်ပင်ရာသီစာကဲ့သို့တစ်ပွဲထိုးမျိုးလုပ်၍မရပါ။Dedicate ဖြစ်ဖို့လိုပါသည်။ တစိုက်မတ်မတ်  သွားဖို့လိုပါသည်။ Professional များအနေဖြင့်လည်း professional Ethics များထားရှိတတ်ရန်လိုပါသည်။သို့မှသာ Industry တစ်ခုလုံးအတွက် အကျိုးရှိနိုင်ပါမည်။Business တစ်ခုတည်းကိုကြည့်နေ၍မရပါ။လက်ရှိ ICT Industry တစ်ခုလုံးပိုမိုတိုးတက်ရေး၊ နောင်လာမည့်မျိုးဆက်သစ်များ ICT facilities များ အကျိုးကျေးဇူးများကို နည်းစနစ်မှန်မှန်ဖြင့် အသုံးပြုနိုင်ရေး၊ ပိုမိုဖွံ့ဖြိုးရေး၊ Cyber အလွဲသုံးမှုများမရှိစေရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါသည်။အချို့နေရာများတွင် Tree/Circle form များရှိရန်လည်းလိုအပ်ပါသည်။ Skill Standard များ ပိုမိုပီပြင်လာပါက လုပ်ငန်းရှင်များ၊ IT လစ်လပ်နေရာများတွင် ခန့်ထားရန် ၀န်ထမ်းရှာဖွေနေသူများအနေဖြင့် ရာထူးခန့်အပ်ရန် Skill full person များကို Skill Standard တိုးလာပြီးရှာဖွေလာနိုင်ပေမည်။ နီးစပ်ရာလူကို စမ်းတ၀ါးဖြင့် ခေါ်ယူထားပါက နှစ်ဖက်စလုံး အခက်ခဲဖြစ်နိုင်ပါသည်။ လုပ်ငန်းရှင်ဘက်ကလည်း လိုအပ်သည်များ ထိထိရောက်ရောက်မပြီးစီးနိုင်သလို နည်းပညာအခြေခံသာ သိရှိသူအဖို့လည်း ရှေ့ဆက်လေ့လာရမည့်အစား ရသည့်နေရာ၌ပင် သောင်တင်နေပေနိုင်သည်။ မိမိတို့၏ လုပ်ငန်းများအတွက် ICT Worker ခန့်ထားရာတွင် လုပ်ငန်းတောင်းဆိုချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော Skill Certified ဖြစ်သောသူများကို ရွေးချယ်ခြင်းအားဖြင့် အမှန်တစ်ကယ် ကျွမ်းကျင်သူများ ပိုမို နေရာရရှိလာပေမည့် Junior အနေဖြင့်လည်း ပိုမိုကြိုးစားလာပေမည်။ မြန်မာ ICT market သည် သေးသေးလေးမဟုတ်ပါ။ တဖြည်းဖြည်းချင်း ပိုမိုကြီးထွားလာနေပါသည်။ ထို့အတူ အမှန်တစ်ကယ် အရည်ချင်းရှိသူ ICT Professional များ Qualified ဖြစ်သူများကို ပိုမိုလိုအပ်လာနေပါသည်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာစီစာရိုက်၊ ဒီဇိုင်း၊ AutoCAD , Technician, Network Admin, Programmer, web developer စသည်ဖြင့် ကျွမ်းကျင်သူများ၊ ထိုက်သင့်သောနေရာများ ၊ အံဝင်ဂွင်ကျ ရောက်ရှိခြင်းနှင့်၎င်း၊ ၄င်းတို့ကို တာဝန်ပေးအပ်ခြင်းကြောင့် လုပ်ငန်းပိုမို တွင်ကျယ်ထိရောက်မှုတို့သည် ဆက်စပ်နေပါသည်။ နိုင်ငံရပ်ခြား တို့ဆိုသည်မှာလည်း ကျွမ်းကျင် မြန်မာ professional များကို သုံးကောင်း၍သာ၊၄င်းတို့အကျိုးရှိ၍သာ အသုံးပြုနေခြင်းဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ICT Industry Development ဖြစ်ရေးသည်မိမိတို့ ကိုယ်တိုင်မိမိတို့ ဆထပ်တိုး၍ကြိုးစားရမည်ဖြစ်ပါသည်။ မြန်မာ IT Professional များ၏ ကျွမ်းကျင်မှုနှင့်နည်းပညာသည်နိုင်ငံတကာ နည်းပညာများprofessionalများနှင့် အဘယ့်ကြောင့် တန်းတူမယှဉ်တွဲနိုင် ရပါမည် နည်း။ သို့ ဆိုလျှင် ICT ကိုကလေးများမှအစပြု၍ ICT အမြင်၊ ICT Awareness များမှန်ကန်ရန်အရေးကြီးပါသည် - ဥပမာဆိုရ သော်ယနေ့ အင်တာနက်ဟု ဆိုရုံဖြင့်chatting ထိုင်ခြင်း သူငယ်ချင်းရှာခြင်း ဖျော်ဖြေခြင်းသက်သက်ဟုသာ ပြေးမြင်ရန်မသင့် လှပါ။ Public ICT Awareness ကိုပိုမိုပြုလုပ်ခြင်းအားဖြင့် ICT ကို မည်သို ၊ မည်ပုံ ထိရောက်စွာအသုံးချမည့်မိမိအဖွဲအစည်း ၊ နိုင်ငံအတွက်ပိုမိုအကျိုးရှိအောင် ဖန်တီးမည် စသည့်အမြင်များသည် အထူးအရေးကြီးလှပါသည်။ Social Network များကို သင့်တင့်လျော်ကန်သောနည်းလမ်းမှအပ အချည်းနှီး အသုံးချခြင်း၊ အရေးတယူဂရုပြုနေခြင်းများသည် မျိုးဆက်သစ်လူငယ်မျာ အတွက်တန်ဖိုးမဖြတ်နိုင်သော အချိန်ကိုကုန်ဆုံးစေပါသည်။ အလွန်နစ်နာပါသည်။ သို့ ပါ၍ Internet အလွဲသုံးမှုများဖြစ်ပေါ် လာရပါသည်။ မြို့ပြနှင့်နယ်မြို့ များပါ ICT Social Awareness ပြုလုပ်ခြင်း၊ ICT ကျောင်းသားကျောင်းသူများသည်လည်း Learn and working လေ့လာရင်းလုပ်ငန်းဝင်ခြင်းများ ရှိပါက ပိုမိုအကျိုးဖြစ်ထွန်းစေပါသည်။  
          Personal ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် မှသည် ရုံး၊ အဖွဲ့ အစည်းများအထိ ICT အသုံးပြုမှုများပြားလာသလို သတင်းအ ချက်အလက်လုံခြုံရေး(Information Security) ကို ပိုမိုအလေးထားဆောင်ရွက်ရန်လိုအပ်ပါသည်။ရုံးခန်းအပြင်အဆင်များခမ်း နားစွာ အသုံချထားသလို မိမိ၏ Computer/Network စနစ်များကိုလည်း အရေးကြီးလျှင်ကြီးသလို စွမ်းဆောင်ရည်မြင့်နည်းပ ညာမြင့်စနစ်များပစ္စည်းများ အသုံးပြုသင့်ပါသည်။ သတင်းအချက်အလက်လုံခြုံရေးနှင့်ပက်သက်သောဂရုပြုစရာ၊ ဆောင်ရန် ရှောင်ရန်အချက်များ၊ Staff Training များစနစ်တကျပြုလုပ်သင့်ပါသည်။ စာရွက်ပေါ်တွင်အလုပ်လုပ်စဉ်က လုံခြုံပြီး ICT သုံး မှမလုံခြုံဆိုသောကိစ္စရပ်မျိုးမဖြစ်စေရန် အထူးဂရုပြုရပါမည်။ သတင်းအချက်အလက်လုံခြုံရေးစီမံပြင်ဆင်မှု (Information Security Policies) များသည် အလွန်အရေးကြီးပါသည်။ မိမိ၏ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်လုံခြုံရေးအတွက် မိမိတွင်သာ အဓိကတာဝန်ရှိပါသည်။ စီမံပြင်ဆင်မှု (Policies) များတွင် မိမိအိမ်ရှိ ကလေးသူငယ်များ Internet အသုံးပြုချိန် အသုံးပြုရန်နေရာ သက်မှတ်ချက်များမှအစ ရုံးတွင်း Computer စနစ်များ Backup စနစ်များ၊ Monitoring စောင့်ကြည့်စနစ် များ၊ Preventive maintenance ကာကွယ်ပြင်ဆင်မှုများ၊ Removable Access ရွေ့ လွယ်သောစနစ်အသုံးပြုမှုများ၊ Access Permission အသုံးပြုချင်းဆိုင်ရာ ခွင့်ပြုပုံစံများ စသည်ဖြင့်စနစ်တကျအကောင်အထည်ဖော်ရန်လိုအပ်ပါသည်။
          ထိုသိုအားဖြင့်မလွဲးမသွေအသုံးပြုရသော သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ (ICT)ကို အကျိုးရှိစွာနှင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် စီမံသင့်ပြီး ICT/Internet အလွဲးသုံးမှုများ မဖြစ်ပေါ်စေရန်၊ ရှေ့ လာမည့်နည်းပညာရပ်ပြောင်း လဲမှု၊စိန်ခေါ်မှုများကို မျက်ခြေမပျက်စေရန် နိုင်ငံတော်အတွက် အများအတွက် မိမိကိုယ်တိုင်အတွက်ပါအကျိုးပြုသော ICT Professional များ ပေါ်ထွက်လာစေရန် စေတနာအရင်းခံဖြင့် ဖော်ပြလိုက်ရပါသည်။
အောင်ဇော်မြင့်


___________________________________________________________________________________________________________________



_____________________________________________________________________________________________



____________________________________________________________________________________________________
___________________________________________________________________________________________________________