HND (Networking Diploma)

မြန်မာပြည်တွင်း၌ ပထမဦးဆုံးနှင့် တစ်ခုတည်းသော Networking SQA HND အဆင့်မြင့် Diploma

 မြန်မာ ICT/ Network ကျောင်းသား/ကျောင်းသူများ အထူး မျှော်လင့်နေသည့် နိုင်ငံတကာအသိအမှတ်ပြု Computer Networking Higher National Diploma (HND) ကို မြန်မာပြည်တွင်းမှာပင် နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့် အညီ ရယူနိုင်မည့် အခွင့်အလမ်းတစ်ရပ်ရရှိပြီ ဖြစ်ပါသည်။ နိုင်ငံတကာ တက္ကသိုလ်များနှင့် လုပ်ငန်းခွင်များမှ အထူးအသိအမှတ်ပြုသည့် အဆင့်မြင့် Professional Level ကို ပြည်တွင်း၌ ၁၈လ တက်ရောက်ပြီး HND: Computing-Networking/ Internet Technology higher Diploma ဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။ ယခင်သင်ကြားမှုစနစ်များနှင့် မတူ ပြောင်းလဲလာသည့် ယနေ့ခေတ် နိုင်ငံတကာတက္ကသိုလ်များ၏ သင်ကြားမှု၊ သင်ယူမှု၊ လေ့ကျင့်မှု ပုံစံများဖြစ်သည့် Student Focus System အတိုင်းစာတွေ့လက်တွေ့ စနစ်တကျသင်ယူရပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းရပ်တည်နိုင်သည့် Professional အဖြစ် ပြည့်ဝသော ယုံကြည်မှုဖြင့် ရပ်တည်နိုင်မည့် အခွင့်အလမ်းပင်ဖြစ်ပါသည်။ ဘာသာရပ် (၂ဝ) ခုအတွက် SQA HND Credit (၃ဝ) ပြည့်မှီအောင် သင်ကြားရမည်ဖြစ်ပြီး SCQF Level (7) နှင့် SCQF Level (8) တပေါင်းတည်း Qualified Level ဖြစ်သော HND Diploma ဖြစ်ပါသည်။ အဆိုပါ Level သည် ဥရောပ နှင့် နိုင်ငံတကာတက္ကသိုလ်များ ဒုတိယနှစ် အဆင့်တိုက်ရိုက် ညီမျှပြီး UK, USA, Australia, Canada အပါအဝင် နိုင်ငံတကာ တက္ကသိုလ် (၇ဝ) ခုကျော်သို့ အလွယ်တကူ တိုက်ရိုက်ချိတ်ဆက်၍ Bachelor, Master Degree များဆက်လက် တက်ရောက်လိုပါက တက်ရောက်ခွင့်ရရှိပါမည်။ သို့မဟုတ်ပါက HND Diploma ဖြင့်ပင် ပြည်တွင်း၊ ပြည်ပ အဆင့်မြင့် ICT လုပ်ငန်းခွင်များသို့ လစာ၊ ရာထူး၊ အခွင့်အလမ်းကောင်းများဖြင့် တိုက်ရိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်စေပါမည်။ M.S.T Institute (School of Computer Networking) သည် ICT-Networking သီးသန့် သင်ကြားသော Institute ဖြစ်ပြီး SQA Approved Center No. 3017923 ကိုရရှိထားပြီး မြန်မာနိုင်ငံတွင်း၌ SQA-HND: Networking သင်ကြားခွင့် ရရှိထားသည့် တစ်ခုတည်းသော သင်တန်းကျောင်းဖြစ်ပါသည်။ HND: Networking တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများ ဘက်စုံအရည်အချင်း ပြည့်ဝပြိး ပြည်တွင်း ပြည်ပ လုပ်ငန်းခွင်များသို့ အဆင့်မြင့်မြင့် ဝင်ရောက်နိုင်စေရန် Value Added ဘာသာရပ်များအဖြစ် English/ Professionalism/ Ethics/ Team Building အစရှိသော ဘာသာရပ်များအပြင် CCNA နှင့် CEH ကဲ့သို့သော World Wide Skill Certification များပါ တပါတည်း One Stop ဖြည့်စွက် သင်ကြားခွင့် ရရှိပါမည်။ သင်ခန်းစာများအလိုက် စာတွေ့ လက်တွေ့ ကွင်းဆင်းလေ့ကျင့်ခြင်းများ အသေးစိတ်ဖြင့် အတွေ့အကြုံ ပြည့်ဝသော စာသင်သက် ၁ဝနှစ်အထက် ဆရာ၊ ဆရာမများမှ Lecture/ Discussion/ Team Work/ Presentation/ Assignment/ Project များဖြင့်သင်ကြားရပါမည်။ M.S.T တွင် အဆိုပါ အားသာချက်၊ အခွင့်အလမ်းများ ဖြည့်စွက်ထားသည့် ဥရောပ ပညာရေးစနစ်တစ်ခုဖြစ်သည့် HND ဘာသာရပ်ကို နိုင်ငံတကာ ကျောင်းဝင်ကြေး၊ ကုန်ကျစရိတ် များထက် အဆမတန် သက်သာသော စရိတ်ဖြင့် ပြည်တွင်းမှပင် လေ့လာ သင်ယူနိုင်မည်ဖြစ်ပြီး ကျောင်းဝင်ကြေးများကိုလည်း ခွဲသွင်း နိုင်ခွင့် စီစဉ်ပေးထားပါသည်။ အထူးသေချာသည်မှာ M.S.T Institute မှ အဆိုပါ HND: Computing-Networking/ Internet တက်ရောက်ထားသူများအနေဖြင့် နိုင်ငံတကာာ ပညာရေးဆက်လက်လေ့လာခွင့်ရရှိမည်ဖြစ်သကဲ့သို့ လက်တွေ့လုပ်ငန်းခွင်သို့ အခွင့်လမ်းခိုင်မာစွာဖြင့် အချိန်တိုအတွင်းဝင်ရောက်နိုင်မည်ဖြစ်သည်။ ကျောင်းသားများနှင့် မိဘများအနေဖြင့် ယနေ့ ICT ခေတ်တွင် အနာဂတ်အတွက် မှန်ကန်စိတ်ချရသည့် ခိုင်မာသော ရွေးချယ်မှု ၊ရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ နှင့် IGCSE အောင်မြင်ထားသူများ တိုက်ရိုက်ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပါသည်။ အနီးဆုံး တန်းခွဲ ဇူလိုင်လ (၂၁) အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက M.S.T Institute: အမှတ် ၁၈၄၊ ဗိုလ်အောင်ကျော်လမ်း၊ ကမ္ဘောဇဘဏ်အပေါ်ထပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ဝ၁-၃၉၂၁၆၅၊ ၃၉၂၉၈၃၊ ဝ၉၅၁၂၆၁ဝ၈ များသို့ ဆက်သွယ်နိုင်ပါသည်။